-->

Tuesday, December 25, 2018

ပအိုဝ်းတိုင်းရင်းသားငါးဦးကို ပစ်သတ်ဖြတ်ခံရမှု အရေးယူပေးရေး လူနှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်

- ပအိုဝ်းတိုင်းရင်းသားငါးဦးကို ပစ်သတ်ဖြတ်ခံရမှု အရေးယူပေးရေး လူနှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
မန္တလေး၊ 
ဒီဇင်ဘာ ၂၁-၂၀၁၈ လင်းလင်း(VOM)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နဲ့ မတ်ကျန်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ရှမ်း ပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူကျေးရွာက ပအိုးဝ်ရွာသားတွေကို ပြန်ပေး ဆွဲပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က ပစ်သတ်မှုကြောင့် ၅ ဦးသေဆုံးခဲ့တာ နဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နဲ့ ရပ်ရွာတည်ငြိမ်ရေး ဆောင်ရွက်ပေးဖို့အတွက် တောင်ကြီးမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ 

“အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဖြစ်ခဲ့တယ်ပေါ့လေ၊အဲဒီဒေသဘက်မှာ များသောအားဖြင့် အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဒါကြောင့်မို့လို့ နောက်နောင်ကျရင်ဒီလိုကိစ္စမျိုးတွေ မဖြစ်ဖို့ ကျွန်တော်တို့ ဒီ RCSS က တာဝန်ရှိတယ်၊နောက်တစ်ခုက ကျွန်တော်တို့ ဒီဒေသမှာပေါ့လေ၊အစိုးရအနေနဲ့လည်း လုံခြုံရေးတွေ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးဖို့ ဒါတွေ ကျွန်တော်တို့ ထည့်သွင်းတောင်းဆိုထားပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်တဲ့ ကိုခွန်ဇော်က ပြောပါတယ်။ 

မတ်ကျန်းပြည်သူ့စစ်နှင့် RCSS ပူးပေါင်းတပ်ဖွဲ့ကနေ ရွာသားတွေကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာကြောင့် ခွန်တဦး၊ ခွန်တ၀င်း၊ ခွန်တခဲ၊ ခွန်ကဆန်းနှင့်ဖြားမူ တို့ သေဆုံးခဲ့ပြီး ခွန်တလင်၊ ခွန်တလနှင့် ဦးဇော်တို့ဟာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ 

ဒီကိစ္စ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMC) ထံ တိုင်ကြားစာတွေ ပေးပို့မှာဖြစ်တဲ့အကြောင်းကို “သမ္မတထံ အိတ်ဖွင့်ပေးစာတွေ ကျွန်တော်တို့ ပေးပို့သွားမယ်၊ပြီးရင် JMC ပေါ့နော် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ကျွန်တော်တို့က တိုင်ကြားစာ တင်ဖို့ ရှိပါတယ်”လို့ ကိုခွန်ဇော်က ဆက်လက်ပြောပါတယ်။ 

ဆန္ဒထုတ်ဖော်ပွဲကို ပအိုဝ်းလူငယ်တွေ ဦးဆောင်ပြီး တောင်ကြီးခရိုင်၊လွယ်လင်ခရိုင်နှင့် ကယားပြည်နယ်က ပအိုဝ်း တိုင်းရင်းသား ၂၀၀၀ကျော်က တောင်ကြီးမြို့မှာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ် လို့ ဆက်လက်သိရပါတယ်။ အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Wednesday, May 20, 2015

What is differences between Myanmar and India

 အိန္ဒိယမှာ အင်အားကြီးတဲ့ ကွန်ဂရက်ပါတီကခေါင်းဆောင် ဆိုနီယာဂန္ဒီဟာ အီတလီသူမို့ သမတ မလုပ်ရဘူး၊ ၀န်ကြီးချုပ်မလုပ်ရဘူးလို့ ကန့်သတ်ထားတာမရှိဘူး။ ဒါပေမယ့် သူမ ပါတီဥက္ကဋ္ဌနေရာမှာဘဲ အာဏာရတုန်းကလည်းရပ်တည်တယ် ။ သူတို့ဘာ့ကြောင့် ဘယ်သူ သမတ တက်လုပ်လုပ် လက်ခံသလဲဆိုတော့ သူတို့မှာ ခိုင်မာတဲ့ ဥပဒေတွေ လိုက်နာရမယ့် စည်းကမ်းတွေ အပြည့်အ၀ရှိပြီးသားလေ။ ကျနော်တို့နိုင်ငံဥပဒေမှာကတော့ လိုရာဆွဲရေး တချိန်က အာဏာရှင်ကို ကာကွယ်ပေးဖို့ရေးထားတဲ့ ဥပဒေပဲရှိပြီး လူထုကိုအကာကွယ်ပေးတဲ့ ဥပဒေက နည်းနေတယ်။ ၅၉(စ) နဲ့ပတ်သက်လို့ကတော့ ပြည်သူသဘောကျ ဥပဒေရေးဆွဲပြီးရင် အဲဒီဟာက လုံးဝ မလိုအပ်ဘူးလို့ပဲထင်ပါတယ်။
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Friday, March 13, 2015

မြင်းခြံထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံထားရသော  ဒီမိုကရေစီပညာရေးသပိတ်ကော်မတီဝင် မုံရွာဗကသ ကျောင်းသား ကိုစိုးလှိုင်ရဲ့ မိဘများ မြင်းခြံရောက်ရင် ဒေါက်တာဝင့်သူကို အကူညီတောင်းပါ။ ပေးဖို့အဆင်သင့်စောင့်နေကြပါတယ်ဆိုတာ မိဘများကို သိသူများ ပြောပေးကြပါရန်။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

လက်ပံတန်းကျောင်းသားသပိတ်မှာ အဖမ်းခံရသော ကျောင်းသားများ လိုက်ခ်တွေပေးနေပုံ
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Monday, March 17, 2014

ပခုက္ကူ အရှေ့တိုက်မှာ ဆရာတော် ဦးနာယက အတွက် သာဓုအနုမောဒနာ

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနာယက မဟာဝိဇယရာမ ပါဠိတက္ကသိုလ်အရှေ့တိုက် ရွှေပြည်ဗိမာန် သုံးထပ်ကျောင်းဆရာတော်အား ခေါင်းဆောင်ကြီးများမှ လှူဖွယ်ဆက်ကပ်နေစဉ် (ဓါတ်ပုံ အန်အယ်လ်ဒီဖေ့ဘုတ်ခ်နှင့် ကိုလှဝင်းနိုင်ဖေ့ဘုတ်ခ်)
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, August 31, 2013

လယ်သမားအရေးလုပ်နေတဲ့ ဦးဝင်းချိုအဖမ်းခံရ

ရဲတပ်ဖွဲ့နဲ့ ပညာရေးတက္ကသိုလ်အတွက် သိမ်းထားတဲ့   ပဲခူးမြို့ လိပ်ပြာကန်ရပ်က လယ်မြေတွေ ပြန်ရရေး ဆန္ဒပြတောင်းဆိုခဲ့လို့ လယ်သမားအရေးဦးဆောင်နေသူတွေထဲက တယောက်ဖြစ်တဲ့  ဦးဝင်းချိုနဲ့ တောင်သူ ၅ယောက်ကို ပဲခူးအမှတ် ၁ ရဲစခန်းက ဖမ်းပြီး ပဲခူးထောင်ကို ပို့လိုက်ပါပြီ။ သူတို့ကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့ ပုဒ်မ ၁၈ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တွေနဲ့ တရားစွဲဆိုသွားမယ်လို့ သူ့ရဲ့ တပည့် ကိုမောင်မောင်က ပြောပါတယ်။
Rest of your post အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Friday, August 30, 2013

အင်းဝရွှေမြို့တော်သို့တခေါက်

ဆက်ဖတ်ရန် ....

Thursday, May 2, 2013

Friday, April 26, 2013

ဧပြီ ၂၆ ရက် လက်ပံတောင်းဆန္ဒပြပွဲ

ဆက်ဖတ်ရန် ....

Thursday, April 11, 2013

ထွက်ပေါက်မရှာ ဖေါက်ထွက်ပါလော့ သံချပ်ရုပ်သံ

၂၀၁၃ ခုနှစ် မဟာသင်္ကြန် အိန္ဒိယရောက် ဒီမိုကရေစီ အင်အာစုများရဲ့ ထွက်ပေါက်မရှာ ဖေါက်ထွက်ပါလော့ တိုက်ပွဲခေါ်သံချပ် ပုံရိပ်အပိုင်းအစများ

ဆက်ဖတ်ရန် ....

Wednesday, April 10, 2013

သင်္ကြန်အလွမ်း


မင့်ကိုအရင်က မေ့နေခဲ့ပေမယ့်
ခုတော့ မင်းနဲ့တွေ့ရမယ့်အချိန်နီးလာတော့
ငါ့ရင်ခုန်သံတွေ မြန်နေတယ် မြနန္ဒာ

ဒါပေမယ့်
မင်းနဲ့အတူပျော်ဖို့အခွင့်မရသေးပဲ
အတိတ်က ကြည်နူးဆွတ်ပျံ့ခဲ့တဲ့ မင့်အသံလေးကိုပဲ ငါကြားခွင့်ရသေးတယ်

ကံမကုန်သေးလို့ ပြန်ဆုံခဲ့ရင်
မပြောင်းမလဲ မင်းကြိုနေမယ်ဆိုတာငါယုံတယ်

 မြူမှောင်ဝေကင်းတဲ့ နွေအလှမှာ
မန်းတောင်ရိပ်ခိုဖို့ တူးပို့သံနဲ့အတူ
 ရွှေမန်းမာလာ စောင့်ကြိုနေနော်
 ကိုပြန်လာခဲ့မယ် မြနန္ဒာ -- ကိုပြန်လာခဲ့မယ်

ဆက်ဖတ်ရန် ....

Sunday, April 7, 2013